စလော့ဂိမ်းများတွင် အစဉ်အမြဲတည်ရှိနေတတ်သည် အယူအဆမှားများနှင့် ၎င်းတို့ကို ကစားသမားများ ဆက်လက်ယုံကြည်နေရသည့် အကြောင်းရင်းများ

ကစားသမားတစ်ဦးသည် အွန်လိုင်းစလော့ဂိမ်းတစ်ခုတွင် ဆော့နေသည့်အခါ အကြိမ်သုံးဆယ်ခန့်အထိ ဆက်တိုက်ရှုံးနေသည်ပင်လျှင် ဆက်လက်ဆော့ကစားနေနိုင်သည်။ အကြောင်းရင်းမှာ အဆိုပါကစားသမားသည် ထိုဂိမ်းက “အနိုင်ပေးရမည့် အကြိမ်ရောက်နေပြီ” ဟု ယုံကြည်နေသောကြောင့် ဖြစ်သည်။ ထိုသို့ဆက်လက်ကစားနေစဉ် ရှုံးပွဲပိုဆက်လာသော်လည်း အဆိုပါအယူအဆအတိုင်း ဆက်လက်ထင်မြင်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ကြိမ်ကို အနိုင်ရတော့မည့် အကြိမ်ဟုသာ မြင်တတ်သည်။ ထိုအယူအဆသည် သင်္ချာသဘောတရားအရ မှားယွင်းနေသော်လည်း အဆိုပါ ခံစားချက်ကို ကစားသမားတိုင်း ခံစားရလေ့ရှိသည်။ 1x casino Myanmar တွင် စတင်ဆော့ကစားကြသော ကစားသမားများသည် အဆိုပါ အယူအဆမှား အစွဲအလမ်းတစ်ခုဖြင့် ဆော့ကစားနေတတ်လေ့ရှိကာ ထိုအယူအဆသည် လွယ်လွယ်ကူကူ ပျောက်ကွယ်သွားခြင်း မရှိတတ်ပေ။ 1xcasino app နှင့် ပတ်သတ်ဆက်နွယ်နေသည့် လူမှုကွန်ရက်များတွင် မိနစ်နှစ်ဆယ်လောက် လိုက်ကြည့်လိုက်လျှင်ပင် အဆိုပါ အယူအဆများကို တွေ့ရတတ်သည်။ ကစားသမားများ ထင်ထားကြသည့် အချက်များမှာ – အနိုင်နည်းထားသည့် စလော့ဂိမ်းသည် အနိုင်ပေးကြမ်းတော့မည်၊ နေ့တစ်နေ့တွင် ကံအကောင်းဆုံး အချိန်အပိုင်းအခြားတစ်ခု ရှိတတ်သည်၊ အတွေ့အကြုံရှိ ကစားသမားသည် လျှို့ဝှက်ချက်တစ်ခုကို သိထားသည် စသည့် အယူအဆများပင်ဖြစ်သည်။ အဆိုပါ အယူအဆများအားလုံးသည် မမှန်ကန်ပါ။ သို့သော် ကစားသမားများကြား ဆက်လက်တည်ရှိနေဆဲပင်ဖြစ်သည်။ ထိုသို့ ကစားသမားအများစု ယုံကြည်နေရသည့် အကြောင်းရင်းသည် အဆိုပါ အယူအဆမှားများထက်ပင် ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းလှသည်။

 

“အနိုင်ပေးတော့မည့်” စ‌လော့ဂိမ်းတစ်ခု

Gambler’s Fallacy (လောင်းကစားသမား၏ ထင်မြင်မှားမှု) ဟူသော လောင်းကစားသမား၏ အထင်အမြင်မှားကို ဖော်ပြထားသော စကားလုံးသည် လောင်းကစားသမားတိုင်း ဖြစ်လေ့ဖြစ်ထရှိသောကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ရှုံးပွဲဆက်လာသော စလော့ဂိမ်းတစ်ခုကို ကစားနေသည့်အခါ မကြာမီ အချီကြီးနိုင်တော့မည်ဟု ထင်တတ်ကြသည်။ ထို့ကြောင့် ရှုံးပွဲအများကြီး ဆက်ပြီးနောက်တွင် ကစားသမားများသည် လောင်းကြေးပမာဏကို မြှင့်တင်လိုက်ကြသည်။ ထို့နောက် အချိန်ကြာကြာ ပိုဆော့လာကြသည်။ သင်္ချာသဘောတရားအရ ကစားသမားအနိုင်ဘက်သို့ ပြောင်းလာပြီဟု ထင်မြင်ယူဆတတ်ကြသည်။

ယခင်နှစ်အနည်းငယ်က နာမည်ကြီးဖိုရမ်တစ်ခုတွင် ကစားသမားတစ်ဦးသည် အကြိမ် ၄၀၀ အထိ ဆက်တိုက်လှည့် ဆော့ကစားသည့်အပေါ် ဇယားကွက်ထုတ်ကာ ဖော်ပြထားသည်။ ကစားသည့် အကြိမ်တိုင်းအတွက် ရလဒ်ကို စာရင်းမှန်ထားကာ ပုံစံကွက် သို့မဟုတ် လည်ပတ်ပုံစနစ်တစ်ခုကို ရှာဖွေထားသည်။ ၎င်းတွင် တုံ့ပြန်ဖြေကြားထားသူများ၌ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ဖူးသူများရှိကြောင်း ဖော်ပြထားပြီး အချို့သည် တစ်စုံတစ်ခုကို တွေ့ရှိခဲ့ကြောင်း ပြောကြားထားသည်။

၎င်းသည် မမှန်ကန်ပါ။ တစ်စုံတစ်ခုကို တွေ့ရှိခဲ့သည်ဟူသည်မှာ လုံးဝ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် လိုင်စင်ရစလော့ဂိမ်းတစ်ခုတွင် လှည့်သည့်အကြိမ်တိုင်းသည် တစ်ခုနှင့်တစ်ခု အမှီအခိုကင်းသော ရလဒ်ကိုသာ ထုတ်ပေးသောကြောင့် ဖြစ်သည်။ ၄၀၁ ကြိမ်မြောက် လှဉ့်သည့် အကြိမ်ရေသည် ၁ ကြိမ်မြောက် လှည့်သည့် အကြိမ်ရေနှင့် အခွင့်အရေး အတူတူပင် ဖြစ်သည်။ စလော့စက်တွင် အနိုင်အရှုံး ဖြစ်ပျက်ပုံအပေါ် မှတ်သားထားသည့် မှတ်ဉာဏ်ဟူ၍ မရှိပါ။ အဆိုပါ ဇယားကွက်ကို အမှန်တကကယ် ဖန်တီးခဲ့သော်လည်း ဖော်ပြထားသည် ပုံစံကွက်များသည် မှားယွင်းသည့် အယူအဆများသာ ဖြစ်သည်။

သတ်မှတ်ထားသည့် အချိန်အပိုင်းအခြားတွင် ဆော့ကစားခြင်း

နောက်ထပ် လူသိများသော အယူအဆမှားတစ်ခုမှာ သတ်မှတ်ထားသည့် အချိန်များတွင် ဆော့ကစားခြင်းဖြစ်သည်။ ၎င်းတို့မှာ – စလော့ဂိမ်းတွေက ညဘက်ကစားရင် ပိုပေးတယ်၊ လူကစားတာနည်းတဲ့အချိန်မှာ ပိုပေးတယ်၊ ကစားတဲ့ပလက်ဖောင်းပေါ် ဂျက်ပေါ့ပေါက်ပြီးတဲ့နောက်မှာ ပိုပေးတယ် စသဖြင့် အယူအဆမှားများဖြစ်ပါသည်။

အဆိုပါအယူအဆများသည် လူ့မှတ်ဉာဏ်၏ သဘောသဘာဝကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ သောကြာနေ့ ည ၁၁ နာရီတွင် ကစားလိုက်သော ကစားသမားတစ်ဦးသည် အနိုင်ရ သွားသည့်အခါ ၎င်းကို “ကျပန်းဖြစ်စဉ်” တစ်ခုအဖြစ် မမြင်တော့ဘဲ “သောကြာနေ့တိုင်း ဒီဂိမ်းဆော့ရင် အနိုင်ရမယ်” ဟု ထင်မြင်သွားတတ်ကြသည်။ အလားတူအချိန်တွင်ဆော့ကစားပြီးနောက် ဆက်လက်အနိုင်ရသည့်အခါ အဆိုပါအယူအဆကို ပိုအားကောင်းသွားစေသည်။ အဆိုပါအချိန်တွင် ယခင်ကစားခဲ့တုန်းက ရှုံးသွားသည့် ပမာဏများကိုပင် မေ့သွားတတ်ကြသည်။

ကျပန်းနံပါတ်ထုတ်ပေးသည့်စနစ်ကို အခြေခံထားသည့် စလော့ဂိမ်းများသည် ဆာဗာတွင်းသို့ မည်သည့်အချိန်တွင်ပင် ဝင်ကစားသည်ဖြစ်စေ တူညီသော အယ်လ်ဂိုရစ်သမ်တစ်ခုဖြင့်သာ ဂိမ်းကိုလုပ်ဆောင်ပေးသည်။ ဆာဗာသို့ ဝင်သည့်အချိန်ပေါ်မူတည်ကာ အနိုင်အရှုံးပြောင်းလဲသွားခြင်းမျိုး မရှိပါ။ ဥပမာ ညဉ့်နက်ပိုင်း ကစားသူများကို အရှုံးပေးမည်ဟု သတ်မှတ်ထားခြင်း မရှိပါ။ သို့ရာတွင် ကစားသမားအများစု လိုလားတောင့်တသည်မှာ “ငါတစ်ခုခုကို သတိထားမိသွားပြီ” ဟူသော အချက်သာဖြစ်ပြီး ၎င်းကို မှန်ကန်သည်ဟု ယူဆကာ “ဒါက ကျပန်းဖြစ်စဉ်တစ်ခုပဲ” ဟူသည့် အခြေခံသဘောတရားကို မေ့သွားတတ်ကြသည်။ ထို့ကြောင့် အဆိုပါအယူအဆမှားများ ဆက်လက်တည်ရှိနေရခြင်းဖြစ်သည်။

လျှို့ဝှက်ချက်ကို သိထားသည့် အတွေ့အကြုံရင့် ကစားသမားဟောင်းကြီး

ကစားသမား အဖွဲ့တိုင်းတွင် ကစားရာ၌ ယုံကြည်ချက်အပြည့်အဝရှိပြီး ၎င်းတို့၏ ‘စနစ်’ ဟု သတ်မှတ်ထားသော စနစ်ကြီးတစ်ခုအကြောင်း အမြဲပြောတတ်သည့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးရှိတတ်သည်။ ကစားသမားအသစ်များကို အဆိုပါကစားသမားကို အတုယူကာ အဆိုပါကစားသမားကို အနိုင်ရနိုင်မည့် လျှို့ဝှက်ချက်တစ်ခုခု သိထားမည်ဟု ထင်တတ်ကြသည်။ ထိုသို့ယူဆလိုက်ခြင်းကြောင့် အဆိုပါကစားသမားထံမှ အကူအညီကို မျှော်မှန်းလာကြသည်။ သူတို့ထင်ထားသည်မှာ အတွေ့အကြုံရင့် ဆရာဝန်တစ်ဦးက ဆရာဝန်ပေါက်စတစ်ဦးထက် အများကြီးပိုတော်နိုင်သည်။ ထို့ကြောင့် အတွေ့အကြုံရင့် စလော့ကစားသမားဆိုရင် ဘယ်လောက်တော်လိုက်မလဲ ဟု ထင်ထားကြသည်။

ကွာခြားချက်မှာ စလော့ရလဒ်များသည် ကစားသမား၏ ဆုံးဖြတ်ချက်အပေါ် မမူတည်ပါ။ ဂိမ်းကောင်းကောင်းရွေးတတ်ခြင်း၊ ကွဲပြားခြားနားပုံများကို သိရှိနားလည်ထားခြင်းသည် မျှော်မှန်းနိုင်သည့် ပမာဏကို ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေသော်လည်း၊ လှည့်သည့် အကြိမ်ရေ တစ်ကြိမ်၏ အနိုင်ရနိုင်ခြေအပေါ် ပြောင်းလဲပေးနိုင်သည့် နည်းစနစ်ဟူ၍ မရှိပါ။ ဝါရင့်ကစားသမားတစ်ဦး အမှန်တကယ် အသာစီးရနိုင်မည်မှာ စိတ်ရှည်သည်းခံမှုနှင့် လက်ကျန်ငွေကို ထိန်းသိမ်းဆော့ကစားနိုင်မှုပင်ဖြစ်သည်။ ၎င်းတို့သည် မည်သို့မည်ပုံနှင့်မျှ စလော့ဂိမ်းပုံစံကွက်ကို သိမြင်နားလည်နိုင်ခြင်းမရှိပါ။

ဇာတ်လမ်းများသည် စာရင်းအင်းအချက်အလက်များကို အနိုင်ယူနေသည့် အကြောင်းရင်း

“ငါအကြိမ် ၄၀ လောက် ဆက်တိုက်ရှုံးနေပြီး ၁၈၀ ဆ ပေါက်သွားတယ်” ဟူသော ဇာတ်လမ်းတစ်ခုသည် ပုံစံ၊ တည်ဆောက်လာပုံ၊ စိတ်လှုပ်ရှားမှု အနိုင်ရရှိမှု စသည်ဖြင့် ဇာတ်လမ်းအင်္ဂါရပ် အစုံလင်ဖြစ်နေသည်။ ၎င်းကို အခြားသူများအား ပြောပြသည့်အခါ အားကျအထင်ကြီးဖွယ် ကောင်းလှပြီး အရှုံးပွဲများဆက်နေခြင်းကို ဆက်လက်၍ဆော့ကစားခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဟု ထင်မြင်သွားစေနိုင်သည်။ 

“စလော့ဂိမ်းများ၏ ကစားပုံသည် ပုံသေသတ်မှတ်ထားသော အနိုင်ရနိုင်ခြေပမာဏသာ ရှိသည်” ဟူသော စာကြောင်းသည် ဇာတ်လမ်းတစ်ပုဒ်သဖွယ် စိတ်ဝင်စားဖွယ်မကောင်းသောကြောင့် ကစားသမားများအကြား ရေပန်းစားလေ့မရှိပါ။

အဆိုပါအယူအဆမှားများတွင် တူညီသောအချက်တစ်ခုမှာ ကစားသမားများအား ၎င်းတို့၏ ပြုမူပုံသည် နောက်တစ်ကြိမ် လှည့်သည့်အခါ ရလဒ်ကို ပြောင်းလဲပေးနိုင်သည်ဟု ထင်မြင်သွားစေသော်လည်း အမှန်တွင်မူ ထိန်းချုပ်နိုင်ခြင်းမရှိပါ။ အဆိုပါ စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်လိုစိတ်သည် ကစားသမားတိုင်းတွင် အမှန်တကယ်ရှိတတ်သော်လည်း ၎င်း၏ နောက်ကွယ်ရှိ အယူအဆများသည် လုံးဝအမှားအယွင်းများသာ ဖြစ်သည်။

ပုံစံကွက် နောက်ကွယ်ရှိ ပုံစံကွက်တစ်ခု

အယူအဆမှားများကို ယုံကြည်နေသူများသည် အသိဉာဏ်နည်းပါးသူများ မဟုတ်ကြပါ။ အမှန်တကယ်တွင် လူ့ဦးနှောက်သည် ရှုပ်ထွေးများပြားလှသည့် အချက်အလက်များကြားတွင်ပင် ပုံစံကွက်တစ်ခုကို ရှာဖွေရာ၌ အလွန်ကျွမ်းကျင်သည်။ ၎င်းတွင် စိတ်ဝင်စားဖို့ကောင်းလှသည်မှာ အချို့အယူအဆများသည် ယုံကြည်ထားသည့်အတိုင်း တစ်ခါတစ်ရံ မှန်ကန်နေတတ်သော်လည်း ၎င်းသည့် လူ့သဘာဝအရ မသေချာမှုအပေါ် သေချာသည့်အရာတစ်ခုကို ရှာဖွေခြင်းပင်ဖြစ်သည်။ ထိုသို့ အယူအဆများသည် ရုပ်ပုံများလည်သည့်အပေါ် ပြောင်းလဲပေးနိုင်ခြင်းမရှိသည့်အပေါ် နားလည်ထားသင့်ပြီး ရလာသည့် အနိုင်အရှုံးအပေါ် မည်သို့တုံ့ပြန်မည်ဆိုသည်ကသာ အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။

အဆုံးသတ်အနေဖြင့် စလော့ဂိမ်းများတွင် တည်ရှိနေသည့် အယူအဆမှားများသည် ဂိမ်း၏ တကယ့်ကျပန်းလုပ်ဆောင်ပုံကို မပြောင်းလဲနိုင်သော်လည်း ကစားသမားများ၏ စိတ်ခံစားမှုနှင့် ဆုံးဖြတ်ချက်များအပေါ် အရေးပါသော သက်ရောက်မှုရှိနေဆဲဖြစ်သည်။ လူ့ဦးနှောက်သည် ပုံစံကွက်များကို ရှာဖွေရန် သဘာဝအလွန်ကျွမ်းကျင်သောကြောင့် ရလဒ်အားလုံးသည် ကျပန်းဖြစ်စဉ် (RNG) ပေါ်တွင် အခြေခံထားသော်လည်း “နောက်တစ်ကြိမ်မှာ အနိုင်ရမယ်” သို့မဟုတ် “အချိန်တစ်ခုခုမှာ ပိုပေးတတ်တယ်” ဟူသော ယုံကြည်ချက်များကို လွယ်လွယ်ကူကူ ဖန်တီးတတ်သည်။ ထိုသို့သော အယူအဆများကြောင့် ကစားသမားများသည် မမြင်ရသော စနစ်တစ်ခုရှိနေသည်ဟု ထင်မြင်ကာ အနိုင်အရှုံးကို ကိုယ်တိုင်ထိန်းချုပ်နိုင်သည်ဟု ခံစားတတ်ကြသော်လည်း လက်တွေ့တွင်မူ အကြိမ်တိုင်း၏ ရလဒ်သည် တစ်ခုနှင့်တစ်ခု အမှီအခိုကင်းနေသည်။ ထို့ကြောင့် အရေးကြီးဆုံးမှာ ပုံစံကွက်ကို ရှာဖွေရန်မဟုတ်ဘဲ ၎င်းမရှိခြင်းကို နားလည်ခြင်းဖြစ်ပြီး ယင်းသဘောတရားကို လက်ခံနိုင်ခြင်းကသာ ကစားသမားကို အတွေ့အကြုံအပေါ် ပိုမိုမှန်ကန်စွာ ချဉ်းကပ်နိုင်စေသည်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *